
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (3.07.2011) မှာ ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် Pheu Thai ပါတီမှ ဝန်ကြီးချုပ်လောင်း Yingluck Shinawatra ကအနိုင်ရခဲ့တဲ့အတွက် သူမဟာ ထိုင်းနိုင်ငံသမိုင်းမှာ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။
သူမကို ၁၉၆၇ ဇူလိုင်လ ၂၁ ရက်နေ့ မှာမွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ကိုးယောက်အနက် အငယ်ဆုံးသမီး ဖြစ်ပြီး ယခင်ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ အငယ်ဆုံးညီမ ဖြစ်ပါတယ်။

နိုင်ငံရေးလောကထဲ ရောက်တာ ရက်သတ္တပတ် ၆ပတ်မျှသာ ရှိသေးသော်လည်း သူမဟာ အောင်မြင်နေတဲ့ စီးပွားရေးသမား တစ်ဦးဖြစ်တယ်။ အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပြီး သားတစ်ယောက်ရဲ့မိခင် ဖြစ်တဲ့သူမဟာ သူမရဲ့ အစ်ကို ထူထောင်ခဲ့တဲ့ AIS ဆက်သွယ်ရေးကုမ္ပဏီ ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာတစ်ယောက်အဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်။ နိုင်ငံရေးသိပ္ပံ ဘွဲ့ကို ချင်းမိုင်တက္ကသိုလ်ကနေ ၁၉၈၈ မှာရရှိခဲ့ပြီး မဟာဘွဲ့ကို အမေရိကန်ပြည်ထောင်စု ကင်တက်ကီပြည်နယ် တက္ကသိုလ်မှ ၁၉၉၁ တွင်ရရှိထားသူလည်း ဖြစ်ပါတယ်။

သူမဟာ နိုင်ငံရေးအတွေ့အကြုံ မရှိပေမယ့် ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Abbhisit Vejjajiva ကိုအနိုင်ရရှိခဲ့ပါတယ်။ သူမရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဟာ အစ်ကိုဖြစ်သူ ထိုင်းနိုင်ငံကို ပြန်လာနိုင်စေဖို့ကိုသာ ရည်ရွယ်ခြင်းဖြစ်ပြီး နိုင်ငံကို ကောင်းစေချင်တဲ့ စေတနာမပါကြောင်း လက်ရှိဝန်ကြီးချုပ် အဘီဆစ်ခ်ျ ကမဲဆွယ်ပွဲတွေမှာ စွပ်စွဲခဲ့ပါသေးတယ်။ သူမ အစ်ကိုရဲ့ အရှိန်အဝါကြောင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်တယ်လို့ ပြောဆိုနေမှုများလည်းရှိပါတယ်။
ထိုင်းအစိုးရ စစ်တပ်ကလည်း ရွေးကောက်ပွဲရလဒ်ကို လက်ခံကြောင်း ကြေငြာလိုက်တဲ့အတွက် ရင်လပ်ခ် ဟာမကြာခင်မှာပဲ ထိုင်းဝန်ကြီးချုပ်အဖြင့် တာဝန်ထမ်းဆောင်နိုင်တော့မှာ သေချာပြီဖြစ်ပါတယ်။
Ref : www.cbc.ca , wikipedia
ထိုင်းအစိုးရ စစ်တပ်ကလည်း ရွေးကောက်ပွဲရလဒ်ကို လက်ခံကြောင်း ကြေငြာလိုက်တဲ့အတွက် ရင်လပ်ခ် ဟာမကြာခင်မှာပဲ ထိုင်းဝန်ကြီးချုပ်အဖြင့် တာဝန်ထမ်းဆောင်နိုင်တော့မှာ သေချာပြီဖြစ်ပါတယ်။
Ref : www.cbc.ca , wikipedia


0 comments:
Post a Comment