Monday, August 8, 2011

Coming soon ... " The Lady "

ပြင်သစ်ဒါရိုက်တာ Luc Besson ရိုက်ကူးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရုပ်ရှင်ကား "The Lady" မကြာမီ ရုံတင်တော့မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းမှ ရိုက်ကွင်းတစ်ချို့ ပါဝင်မှာဖြစ်ပြီး အများစုကိုတော့ မြန်မာနိုင်ငံ ပြင်ပမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇုလိုင်လက မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ကြိုးစားခဲ့တဲ့ မင်းသမီး Michelle Yeoh ကို ဒီဇတ်ကားရိုက်ကူးမှုကြောင့် မြန်မာအစိုးရက Black List စာရင်းသွင်းထားတာကြောင့် မြန်မာပြည်တွင်း အဝင်မခံပဲ လေဆိပ်မှ လှည့်ပြန်ခဲ့ရပါတယ်။
ဒါရိုက်တာ Luc Besson က "ကျနော်အစက ဒီအမျိုးသမီးအကြောင်း သိပ်ပြီးတော့ မသိပါဘူး။ သူရေးတဲ့ စာအုပ်လေးတချို့တော့ ဖတ်ဖူးပါတယ်။ နောက်တော့ ကျနော် တဖြည်းဖြည်းနဲ့ သိလာရတာက ဒီအမျိုးသမီးဟာ အရမ်းကို လေးစားဖို့ကောင်းတယ်။သူ့အကြောင်းကို သေသေချာချာ သိလိုက်ရတော့ တော်တော်လေးလည်း ခံစားလိုက်ရတယ်။ သူအကြောင်းကို လူတွေသိအောင် လုပ်ပေးသင့်တယ်လို့ ထင်တယ်လေ ဒါကြောင့် ဒီရုပ်ရှင်ကို ဖန်တီးဖြစ်တာပါ" လို့ စီအင်န်အင်န်သတင်းထောက် Becky Anderson နဲ့ အင်တာဗျုးမှာ ပြောသွားပါတယ်။



ပြင်သစ်ဒါရိုက်တာ Luc Besson
ဒီဇတ်ကားရဲ့ Trailer ပြကွက်တွေမှာ မြန်မာအငွေ့အသက်ကို ပီပီပြင်ပြင် ခံစားနိုင်အောင်လို့ ဇတ်ဝင်ခန်းတွေ၊ ဆက်တင်တွေကို အတော်လေးတူအောင် ဖန်တီးထားတယ်လို့ သိရတယ်။ မြန်မာလူမျိုး သရုပ်ဆောင်များကိုလည်း သုံးထားတာကို တွေ့ရပါတယ်။
ဒီဇတ်ကားမှာ ဟောင်ကောင်မင်းသမီး Michelle Yeho က ဒေါ်အောင်ဆန်းစုကြည်၊ အင်္ဂလိပ်လူမျိုး သရုပ်ဆောင် David Thewlis က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း Mr Michael Aris အဖြင့် သရုပ်ဆောင်ထားကြပြီး မင်းသမီး မီရှဲလ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်တော်လေးကို တူတာတွေ့ရတယ်။
အဆိုပါရုပ်ရှင်ကားကို ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ ဇတ်လမ်းအကျဉ်းမှာ ၁၉ ၈၈ခုနှစ် မိခင်ကြီး ဒေါ်ခင်ကြည် မကျမ်းမမာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ပြန်လာသည့်အချိန်မှစကာ စတင်လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုများ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတဝှမ်း လှည့်လည်ခဲ့သည့် ပါတီခရီးစဉ်များ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှ ထင်ရှားသော ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဗိုလ်ချုပ်ခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စတဲ့ ဇတ်ရုပ်များလည်း ပါဝင်တယ်လို့သိရပါတယ်။
Ref :

3 comments:

  1. CNN မှာပြသွားတာကြည့်လိုက်ရတယ်။ ဒီလောက် ကြိုးစားရိုက်ပြီးမှ အောက်ကလူတွေက မြန်မာနိုင်ငံအလံကို ဇောက်ထိုးကိုင်ပြီး ယမ်းနေကြတာတွေ့လို့ စိတ်ညစ်သွားတယ်။

    ReplyDelete
  2. ကျနော်တို့ ငယ်ငယ် ၈၈ တုန်းကတော့ အဲလို မြန်မာနိုင်ငံအလံကို ဇောက်ထိုးထောင်ပြီး စီတန်းလှည့်လည် သပိတ်မှောက်တာတော့ တွေ့ဖူးတယ်ဗျ။ ဘာရည်ရွယ်ချက်လည်း ဆိုတာတော့ မသိဘူးဗျ။

    ReplyDelete
  3. အော ဒါဆို ဇောက်ထိုးကတမင်တကာ လုပ်ထားတာဖြစ်မယ်နော်။ ရှင်းပြပေးတာ ကျေးဇူး။

    ReplyDelete